ထိုင်းနိုင်ငံ၌ မီးဖိုချောင်စွန့် ပစ်ပစ္စည်းများမှ အော်ဂန်းနစ်မြေသြဇာ ထုတ်လုပ်

၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့ ၌ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် The National Innovation agency ၊ GTZ German Technical Coorperation ၊ Thai Bioplastic Industry Association ( TBIA ) နှင့် ဂျာမန် ဓာတုဗေဒ ကုမ္မဏီ တစ်ခုဖြစ်သော BASF အဖွဲ့ တို့သည် Pilot Project ဟုခေါ်သော စွန့်ပစ်ပစ္စည်း ထိန်းချုပ်စီမံကိန်း တစ်ခုကို စတင်အကောင်အထည်ဖော်ရန် တရားဝင်ကြေငြာခဲ့သည်။
၎င်းစီမံကိန်းသည် ထိုင်းနိုင်ငံရှိ ဇီဝ ပလတ်စတစ် ( Bioplastic ) နှင့်ဆိုင်သော သဘာဝပတ်ဝင်းကျင်မူတစ်ခုကို ထောက်ပံ့ပေးသွားပြီး သဘာဝမြေသြဇာထုတ်လုပ်ရေး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ တည်ဆောက်သွားရန် ရည်ရွယ်သည်။ ယင်းစီမံကိန်းအား အကောင်အထည်ဖော်နိုင်မည် ဆိုပါက တစ်နှစ်လျှင်တန်ချိန် ၆သန်းပမာဏ ရှိ အရည်အသွေးမြင့်မားသော အော်ဂန်းနစ်မြေသြဇာများ ထုတ်လုပ်နိုင်မည် ဖြစ်သည် ။ ၄င်းမြေသြဇာများ အတွက် ကုန်ကြမ်းကို မီးဖိုချောင်သုံး စွန့်ပစ်ပစ္စည်းများ ဖြစ်သော စားကြွင်းစားကျန်များမှ စုဆောင်းရနိုင်မည်ဟုဆိုသည်။
ထိုစီမံကိန်းသည် ထိုင်းနိုင်ငံ၏ လှိုင်းသစ်စက်မှုစီမံကိန်းများထဲမှ တစ်ခုဖြစ်ပြီး ဘိုင်အိုပလတ်စတစ် စက်မှုစီးပွားရေးအား ဖွံ့ဖြိုးလာစေတော့မည့် သော့တစ်ချောင်း ပင်ဖြစ် ကြောင်း ထိုစွန့်ပစ္စည်းထိန်းချုပ်ရေးစီမံကိန်းသည် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုထက် ၂၃ ဆ ထုတ်ပေးသော Green House Gases ခေါ် မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချ ပေးနိုင်မည်ဖြစ်ပြီး Thai Cabinet မှ ၄င်းစီမံကိန်းကို ၂၀၀၈ ခုနှစ်ကတည်းက အတည်ပြု ပေးခဲ့ပြီး ဖြစ်သဖြင့် ယခုအခါလူထုကြား၌ တိုင်းတာမှုများ စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ Bioplastic စက်မှုဖွံ့ဖြိုးရေး ကော်မတီအခွဲမှ ဥက္ကဌနှင့် သိပ္ပံနှင့်နည်းပညာဌာန အတွင်းရေးမှုး ရာထူး ယူထားသော ဒေါက်တာဆူချင်တာချိုတီပန်နစ် က ပြောကြားခဲ့သည်။