Avatar ရုပ်ရှင်မှရသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်ခန်းစာ လေးချက်

Avatar ရုပ်ရှင်မှရသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်ခန်းစာ လေးချက်

    ၁၂ နှစ်ကြာ အချိန်ယူခဲ့သော Avatar Animation  ရုပ်ရှင်ကားကို ဒါရိုက်တာ James Cameron ကရိုက်ကူးခဲ့ပြီး ဒီဇင်ဘာ ၂၀၀၉ ၌စတင်ရုံတင်ပြသခဲ့သည်။ ၄င်းဇာတ်ကား၌ အရည်အသွေးများစွာပါဝင်နေပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အယူအဆနှင့် သင်ခန်းစာ များစွာပါဝင်ကြောင်းတွေ့ရမည်။ လူသားတို့၏ အဆုံးစွန်သော ပန်းတိုင်နှင့် တန်ဖိုး၊  လူသားသည် စကြာဝဠာ၏ အလယ်ဗဟိုလ်လား ။ တခြားသောမျိုးစိတ်များ၏ အခန်းကဏ္ဍသည် စသည်ဖြင့် စဉ်းစားစရာများစွာတွေ့ရမည် ဖြစ်သည်။ ဤရုပ်ရှင်ကား၌ Cameron ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ချစ်မြတ်နိုးစိတ်နှင့် ခံစားချက် ကိုရိုးသားပွင့်လင်းစွာ တွေ့ရပြီး ၄င်းတို့လင်မယားစုံတွဲသည် နေရောင်ခြည်စွမ်းအင် သုံး အိမ်တစ်အိမ်၌ နေခဲ့ကာ ထိုဇာတ်ကားကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဤရုပ်ရှင်ကားမှာနေ၍ ရခဲ့သော သင်ခန်းစာလေးချက် ကို အောက်၌ ဖော်ပြလိုက်ရပါတော့သည်။

    ၁။  ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပြဿနာ တစ်ခုတည်းမဟုတ်

    အများအားဖြင့် ထိုရုပ်ရှင်ကားကိုPandora ဟုခေါ်သော ဂြိုလ်တစ်ခုပေါ်တွင် ဇာတ်ဝင်ခန်းအများဆုံး ဖန်တီးတည်ဆောက်ထားသည်။ ဇာတ်လမ်းအရ ကမ္ဘာမြေ၏  စွမ်းအင်မလုံလောက်မှုပြဿနာကြောင့် ထိုဂြိုလ်ပေါ်၌ စွမ်းအင်ဆိုင်ရာ သတ္တုတူးဖော်မှု လုပ်ရန် အဖွဲ့တစ်ဖွဲ့အား စေလွှတ်ခံရပါသည်။ Cameron ယုံကြည့်သည်မှာ ကမ္ဘာကြီးပူနွေးလာမှုအန္တရယ်သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာတာဝန်ယူမှု မြောက်မြားစွာရှိနေခြင်းပင်ဖြစ်ပါသည်။ သူ့အဆိုအရ သိပ္ပံပညာသည် စက်မှုလူ့အဖွဲ့အစည်း ပြဿနာများစွာကို မဖြေရှင်းနိုင်ပဲ လူသားများသည်မိမိလေ့လာသိရှိနိုင်သော မျိုးစိတ်အရေအတွက်ထက် ပို၍ မျိုးစိတ်များကို လျှင်မြန်စွာ ဖျက်ဆီးနေခြင်းနှင့် မိမိတို့နားလည်သော အစားသံသရာ Food Chain လည်ပုံထက် ပို၍ ၄င်းတို့ကို ဖျက်ဆီးနေခြင်းပင်ဟု ဆိုသည် ။ အမှန်တကယ်ဆိုပါက Capenhagen ၌ပြုလုပ်သော ကမ္ဘာ့ခေါင်းဆောင်များ၏ ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ ပြဿနာတစ်ခု တည်းမဟုတ်ဘဲ အခြားသောပြဿနာများ ရှိနေပါသည်ဟု ဆိုသည်။

    ၂။ မိခင်သဘာဝကို ရိုသေချစ်မြတ်နိုးပါ။

    ထိုဇာတ်ကား၌ Pandora သည် အပြာရောင်ဂြိုလ်သားများ၏ အိမ်ဖြစ်ပြီး ၄င်းတို့၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆက်နွယ်ပတ်သက်မှုသည် မိခင်နှင့်သားသမီးကဲ့သို့ ကြီးမားသော မေတ္တာကို တွေ့ရမည် ဖြစ်ပါသည်။ ၄င်း၏ ဆန့်ကျင်ဘက်အားဖြင့် လူသားများ ( အမေရိကန်များ ) သည် ကမ္ဘာမြေ၏ စွမ်းအင်ပြဿနာများကို ဖြေရှင်းနိုင်ရန် အတွက် ထိုဂြိုလ်မှ သယံဇာတအရင်းအမြစ်များအား အမြတ်ထုတ်ရန်ရောက်လာခြင်းဖြစ်သည်။ အပြာရောင်ဂြိုလ်သားများ ( Na’vi )နှင့် အမေရိကန်တို့သည် သဘာဝအပေါ် ပြုမူဆက်ဆံပုံတို့မှာ များစွာခြားနာနေသည်ကိုတွေ့ရပြီး ( Na’vi ) များသည် သူကောင်းများ အဖြစ် ၄င်းတို့၏ သဘာဝပတ်ဝန်းကျင်အပေါ်ထားသော အယူအဆနှင့် ရိုသေချစ်မြတ်နိုးမှုကို ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ပြသထားသည်။

    ၃။  ဤမြေကမ္ဘာကို လေးစားပါ။

    သဘာသပတ်ဝန်းကျင်ကို  Na’vi  ဂြိုလ်သားများလေးစားသကဲ့သို့ ကမ္ဘာမြေကို ကျွန်တော်တို့ လေးစားသင့်ပါသည်။ ထို့ကြောင့် ကမ္ဘာမြေ၏ သယံဇာတသုံးစွဲမှုပမာဏ ထိန်းချုပ်စီမံရေးသည် များစွာလိုအပ်နေပါသေးသည် ဟုအထက်ပါသင်ခန်းစာ များမှ သတိပေးနေပါသည်။

    ၄။ သဘ၀ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများသည်( အများ) ကျွန်တော်တို့ထင်သကဲ့သို့ မရိုးရှင်းပါ။

    အများအားဖြင့် ရုပ်ရှင်များထဲ၌ လူကောင်းနှင့်လူဆိုးအား ခွဲခြားသိရန်မှာ အလွန်လွယ်ကူသော်လည်း တကယ့်အဖြစ်မှန် ၀န်းကျင်ဆိုင်ရာ ဆွေးနွေးပွဲများ ၌ အဖြေရရန်မှာ လုံးဝ မလွယ်ကူပါ။ ဥပမာ ကမ္ဘာ့နိုင်ငံများသို့ ဖြန့်ဖြူးနေသော လောင်စာဆီကုမ္ပဏီကြီးများသည်ပင် အမြဲတန်းလူဆိုးကြီးများ ဖြစ်မနေပါ ။ အကြောင်းအနေဖြင့် ထိုကုမ္ပဏီကြီးများသည် တစ်နေ့လျှင်သန်းရှစ်ဆယ်သော လောင်စာဆီပေပါများ ထုတ်လုပ်နေရခြင်းမှာ လူအများစုအနေဖြင့် ထိုဆီများကို မလိုအပ်ပဲ အသုံးပြုနေခြင်းကြောင့် ဖြစ်ပါသည်။ အခြားသော နိုင်ငံများမှာ ထုတ်ကုန်ပစ္စည်း များကို မှာယူသုံးစွဲခြင်းမှအစ လောင်စာဆီသုံးကိုယ်ပိုင်ကားများ မောင်းနှင်ခြင်းအဆုံး ပြဿနာ၏ အရင်းခံ အဖြစ် ပါဝင်နေပါသည်။ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများသည် ကမ္ဘာ၌ အရှုပ်ထွေးဆုံးသော ပြဿနာများ ဖြစ်သည်ကို Copenhagen ညီလာခံ၏  ရလဒ်များကို ကြည့်ခြင်းအားဖြင့် သိရှိ နိုင်ပါလိမ့်မည်။

    • Directed by James Cameron
    • Produced by James Cameron, Jon Landau
    • Written by James Cameron
    • Starring Sam Worthington, Zoe Saldana
      Stephen Lang
      Michelle Rodriguez
      Giovanni Ribisi
      Joel David Moore
      C. C. H. Pounder
      Wes Studi
      Laz Alonso
      Sigourney Weaver
    • Music by James Horner
    • Cinematography Mauro Fiore
    • Editing by James Cameron, John Refoua, Stephen E. Rivkin
    • Studio Lightstorm Entertainment, Dune Entertainment, Ingenious Film Partners
    • Distributed by 20th Century Fox
    • Release date December 10, 2009 (2009-12-10)
      Running time 162 minutes
    • Country United States
    • Language English
    • Budget $237,000,000
    • Gross revenue $1,335,040,297

    Ref-Treehugger,wiki

    3 thoughts on “Avatar ရုပ်ရှင်မှရသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်ခန်းစာ လေးချက်

    Leave a comment